နတ်ပါတဲ့ချီး
ပုထုဇဉ်လူသားတစ်ချို့ဟာ
အကြားအမြင်ဗဟုသုတနည်းပါးကြလေတော့ သူတစ်ပါးရဲ့စကား သူတစ်ပါးပြုလုပ်တဲ့
အပြုအမူတွေကို မိမိဥာဏ်နည်းသည့်အလျှောက် စုံလုံးကမ်းယုံတတ်ကြတယ်။ အခုလည်းကြည့်လေ
ချီးစားနေကြတဲ့လူတစ်စုတွေ.............
ဖြစ်ပုံကဒီလို×××××× နတ်ကန္နားပွဲတစ်ခုမှာ
နတ်ကတော်တစ်ယောက်က အစားအသောက်မဆင်ခြင်တော့ ၀မ်းပျက်နေတယ်လေ ဒါပေမဲ့
ငွေကုန်ကြေးကျခံပြီး ကျင်းပတဲ့လူတွေရဲ့မျက်နှာကို ထောက်ထားရလေတော့ မကလို့ကလဲမဖြစ်၊
မိတ်ပျက်မှာကြောက်တော့ကရတာပေါ့၊ ဒါကြောင့် ကနေတုန်းဗိုက်ထဲကရစ်ရစ်လာ ပြီး
အောင့်အောင့်လာတယ် တောင့်ခံထားပေမဲ့ မရ။ မိမိကတာက
ခုမှတစ်မိနှစ်ကျော်ကျော်သာ ရှိသေးတယ်၊ ဘယ်လိုမှမတတ်နိုင်တဲ့ အဆုံးမှာတော့ ပါချလိုက်ရတာပေါ့။
လူတွေကလည်း “ဟင်” …“ဟာ”….ဆိုပြီအံ့သြကုန်ကြတယ်လေ။
နတ်ကတော်ကလည်း မဖြစ်ချေဘူး ငါတော့အရှက်ကွဲတော့မယ် အကြံထုတ်ဦးမှဆိုပြီး
……
“ဟင်း…ဟင်း…ဟင်း..မင်းတို့တတွေက
လူပါတဲ့ချီးလို့ထင်နေကြတာကို ဒါဟာလူချီးမဟုတ်ဘူး၊
(၇)ရက်သားသမီးတွေကိုချီးမြှောက်ရအောင် နတ်ပါချတဲ့ချီး နတ်ချီးပေါ့ နဖူးမှာကွက်
လျှာမှာလျှက်ရင် ၉၆-ပါးမဟုတ် ၉၈-ပါးရောဂါအကုန်ပျောက်တယ်” နတ်ကတော်ရဲ့ ရမ်းဖြီးတဲ့စကားကြောင့် နတ်ပွဲထဲလူတွေ
အလုအယက်စားသူတွေကစား နဖူးမှာကွက်သူတွေကကွက်နဲ့ နတ်ကတော်ရဲ့ ချီးအကုန်ပြောင်သွားပါလေရော။
တချို့များ မစားလိုက်ရတော့ ဒေါသတွေထွက် ရန်တွေတောင်ဖြစ် ကြတယ်ဆိုပဲ။
သြော်….လူတွေ ယုံလွယ်လိုက်ကြတာ ဘာမှကိုမစဉ်းစားတော့ဘူး
နတ်ဆိုတာ နတ်သုဒ္ဓါတွေစားပြီး သူ့ကုသိုလ်ကံကြောင့်ဘာအညစ်အကြေးမှမ ထွတ်ဘူး၊ ဒါပေမဲ့
စုတေခါနီးမှာတော့ ချိုင်းကြားနေချွေးတွေထွက်လာပြီး ပန်ထားတဲ့ပန်းတွေ
ညှိုးသွားတယ်ဆိုတာတော့ ကြားဖူးခဲ့ပါ။
မျောက်ဖြစ်၏
ရွှေဘုံသာဆိုတဲ့ရွာမှာ ဗေဒင်ဟော
ဓာတ်ရိုက်ဓာတ်ဆင်တွေလုပ်ပေးတဲ့ ဆရာညှာဆိုတဲ့ ဘိုးတော်တစ်ယောက်ရှိခဲ့ဘူးတယ်။
အဲ့ဒီဘိုးတော်ဟာ တခါတရံ တောထဲကခြံကြီးတစ်ခြံထဲမှာ အဓိဋ္ဌာန်ဝင်တာဆိုပြီး
လူအထင်ကြီးအောင်လုပ်တတ်တယ်။ နောက်ပြီး ဗေဒ၀ိဇ္ဇာဆရာညှာ တောနေသည် သစ်သီးစားသည်
ဆိုပြီး ခြံဝမှာ ဆိုင်းဘုတ်တတ်ထားတယ်၊။
လူနောက်တစ်ယောက်ကနေ အဲ့ဒီဆိုင်ဘုတ်ကြီးကို စာလုံးဖြည့်ရေးထားပေး
ခဲ့တယ်လေ သူဖြေည့်ရေးခဲ့တ့စာက-----
ဗေဒ၀ိဇ္ဇာဆရာညှာ တောနေသည် သစ်သီးစား၏ဆိုတဲ့နောက်မှာ
မျောက်ဖြစ်၏ ဆိုတဲ့စာတမ်းလေးဖြည့်ရေးလိုက်တော့ လူစင်စစ်ကနေ မျောက်ဖြစ်သွားရတာပါဘဲ။
ဓစ်တော်ကျတဲ့နေရာ
အိန္ဒိယနိုင်ငံ သံဝေဇနိယလေးဌာနဘုရားဖူးသွာတော့
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တဲ့ ကုသိနာရုံကိုရောက်တော့ ဂိုက်လုပ်တဲ့ ဆရာတော်ကတိုင်းရင်းသားလူမျိုးဆိုတော့စကားက၀ဲတယ် မြတ်စွားဘုရား ဓာတ်တော်ကျတဲ့နေရာကို
ဂိုက်ဆရာတော်ရှင်းပြလို့ ဘုရားဖူးအဖွဲအားလုံ ရယ်မိကြရတယ် ဆရာတော်ရှင်းပြပုံက …..“ဒကာ
ဒကမတို့ မှတ်ထားကြပါ ဒီနေရာကတော့ မြတ်စွာဘုရား ဓစ်တော်ကျတဲ့နေရာပါ”
အာလုံးရှင်းပြပြီးတော့ ဂိုက်ဆရာတော်ကန်တော့ကြပြန်တယ်
ဆရာတော်ကဆုပေးတော့ ဘုရားဖူးအဖွဲ့တွေက ရယ်ကြရပြန်ပြီ
“ဤသို့ကန်တော့ရသောအကျိုးကြောင့်
ဝက်တွင်းကလွတ်လို့ ကြွက်တွင်းဝင်နိုင်ကြပါစေကုန်သတည်း”
ရွတ်နောက်နောက်
ဒကာမတစ်ယောက်က ကြွက်တွင်းတော့မ၀င်ရပါစေနဲ့ ကျယ်ကျယ်ဝန်းဝန်း ၀က်တွင်းမှာပဲနေပါရစေတော့
ဆိုပြီးလျှောက်ထားလိုက်တော့ ဘုရားဖူးအဖွဲ့ရဲ့ရယ်သံသံတွေက မတိတ်နိုင်လောက်ကုန်ပဲ
ဖြစ်တော့တယ်။
(၀ဋ်အတွင်းကလွတ်လို့ ကျွတ်တန်းဝင်နိုင်ကြပါစေကုန်သတည်း-ဂိုက်ဆရာတော်က
စကားဝဲတော့ ၀က်တွင်းတွေ ကြွက်တွင်းတွေဖြစ်ကုန်ရော)
ခွေးမစားတဲ့အစာ
အောင်ချမ်းသာရွာမှာ
အောင်ကြီးဆိုတဲ့ လူဟာအရက်မူးရင်တော်တော်ဆိုးတယ် ကြာလာတော့မိဘတွေက
ဘယ်လိုမှဆုံးမလို့မရတာနဲ့ ရွာဦးကျောင်းဆရာတော် ဘကြီးဘုန်းကြီးဆီသွားပြီး ဆုံးမခိုင်းရတယ် ဘကြီးဘုန်းကြီးက ”အောင်ကြီး မင်းခွေးမသောက်တဲ့အရေတွေ မသောက်ပါနဲ့” ဆိုပြီးဆုံးမတော့
အောင်ကြီးကလည်း ဆရာတော်ကိုပြန်လျှောက်လို့ ရွာဦးကျောင်းဆရာတော် သူကြိုက်တဲ့ ကွမ်းကိုပါ
ဖြတ်လိုက်ရတယ်။
အောင်ကြီးလျှောက်ပုံက”ဒါဆိုဆရာတော်လည်းခွေးမစားပါနဲ့ဘုရားတပည့်တော်လည်း ခွေးမသောက်တဲ့အရည် မသောက်တော့ပါဘုရား”
ဘ၀အမောတွေပြေနိုင်ကြပါစေ
နန္ဒလျန်-ရွှေမိုးညှင်း
No comments:
Post a Comment