အဝေးတနေရာမှာ
အမေရှိနေတယ်ဆိုတဲ့အတွေးနဲ့
ဘ၀မှာ ရပ်တည်နေရတာပါ အမေ.......
ခုလိုဝေးတဲ့အခါမျိုးမှာ
အမေ့ကိုပိုပြီးလွမ်းမိတယ်
လွမ်းရတဲ့ရက်တွေကို
စာတွေ ကဗျာတွေရေးရင်း ဖြေဖျောက်နေရပေမဲ့
အမေ့ကို တမ်းတစိတ်က ပိုပိုကဲလာခဲ့။
ကလေးငယ်တစ်ယောက်ရဲ့
ငိုညဉ်းရင်း
အမေပျောက်လို့လိုက်ရှာသလို
သားလည်းလေ
အမေ့ကိုတမ်းတချိန်တိုင်းမှာ
ပဲ့တင်ထပ်မျှ
တုန်ဟီးသွားအောင်
အမေရေလို့..........
အော်လိုက်ချင်ပေမဲ့
သားဘ၀ကသမဏ
အရာရာဆင်ချင်ရမယ်တဲ့
အမေ့သြ၀ါဒကြောင့်
သတိလက်လွတ်မလုပ်မိခဲ့ပါဘူးအမေ
ဒုက္ခတွင်းရောက်မဲ့နေ့
အမေ့မျက်ရည်နဲ့သာမတားခဲ့ရင်
ခုချိန်ဆိုသား
ဒုက္ခရဲ့အနက်ရှိုင်းဆုံးနေရာကို
ရောက်နေလောက်ပါပြီအမေ....
အဖော်သူငယ်ချင်းတွေနဲ့
ရောက်တတ်ရာရာအကြောင်းတွေ
ပြောကြရင်းနဲ့
သားရဲ့နေစွဲတိုင်းမှာ
အမေသာရှိတယ်
သားရဲ့ အနှက်ရှိုင်းဆုံး နှလုံးသားတနေရာမှာ
အမေသာရှိတယ်
ဒီစကားကို သားပြောတော့
သူတို့တတွေက
ပျက်ရယ်မှုပြုကြတယ်အမေ။
အောင်မြင်မှုရတဲ့တနေ့
မင်းရဲ့အမေကို မေ့မှာပါတဲ့
အမေ့ကိုသားဘယ်လောက်ချစ်တာ
အမေကလွဲပြီး
ဘယ်သူကပိုပြီး သိနိုင်မှာလဲ
လူတိုင်မှာ အမေရှိပေမဲ့
အမေ့ကျေးဇူးကိုတော့
လူတိုင်းမသိကြပါဘူး
အဝေးရောက်နေတဲ့သား
အမေ့ကျေးဇူးတွေဆပ်ချင်ပေမဲ့
အခွင့်အခါမပေးခဲ့
မိဘစိတ်ချမ်းသာအောင်ထားတာလဲ
မိဘကျေးဇူးဆပ်နည်းပါသား
အမေ့ဆိုစကားကြားမိတော့
အမေရေ....
ဒီဘ၀တော့ စိတ်ချမ်းသာခြင်းနဲ့ဘဲ
ကျေနပ်လိုက်ပါတော့.....
နန္ဒလျန် (အဝေးရောက်သား)
အမေရှိနေတယ်ဆိုတဲ့အတွေးနဲ့
ဘ၀မှာ ရပ်တည်နေရတာပါ အမေ.......
ခုလိုဝေးတဲ့အခါမျိုးမှာ
အမေ့ကိုပိုပြီးလွမ်းမိတယ်
လွမ်းရတဲ့ရက်တွေကို
စာတွေ ကဗျာတွေရေးရင်း ဖြေဖျောက်နေရပေမဲ့
အမေ့ကို တမ်းတစိတ်က ပိုပိုကဲလာခဲ့။
ကလေးငယ်တစ်ယောက်ရဲ့
ငိုညဉ်းရင်း
အမေပျောက်လို့လိုက်ရှာသလို
သားလည်းလေ
အမေ့ကိုတမ်းတချိန်တိုင်းမှာ
ပဲ့တင်ထပ်မျှ
တုန်ဟီးသွားအောင်
အမေရေလို့..........
အော်လိုက်ချင်ပေမဲ့
သားဘ၀ကသမဏ
အရာရာဆင်ချင်ရမယ်တဲ့
အမေ့သြ၀ါဒကြောင့်
သတိလက်လွတ်မလုပ်မိခဲ့ပါဘူးအမေ
ဒုက္ခတွင်းရောက်မဲ့နေ့
အမေ့မျက်ရည်နဲ့သာမတားခဲ့ရင်
ခုချိန်ဆိုသား
ဒုက္ခရဲ့အနက်ရှိုင်းဆုံးနေရာကို
ရောက်နေလောက်ပါပြီအမေ....
အဖော်သူငယ်ချင်းတွေနဲ့
ရောက်တတ်ရာရာအကြောင်းတွေ
ပြောကြရင်းနဲ့
သားရဲ့နေစွဲတိုင်းမှာ
အမေသာရှိတယ်
သားရဲ့ အနှက်ရှိုင်းဆုံး နှလုံးသားတနေရာမှာ
အမေသာရှိတယ်
ဒီစကားကို သားပြောတော့
သူတို့တတွေက
ပျက်ရယ်မှုပြုကြတယ်အမေ။
အောင်မြင်မှုရတဲ့တနေ့
မင်းရဲ့အမေကို မေ့မှာပါတဲ့
အမေ့ကိုသားဘယ်လောက်ချစ်တာ
အမေကလွဲပြီး
ဘယ်သူကပိုပြီး သိနိုင်မှာလဲ
လူတိုင်မှာ အမေရှိပေမဲ့
အမေ့ကျေးဇူးကိုတော့
လူတိုင်းမသိကြပါဘူး
အဝေးရောက်နေတဲ့သား
အမေ့ကျေးဇူးတွေဆပ်ချင်ပေမဲ့
အခွင့်အခါမပေးခဲ့
မိဘစိတ်ချမ်းသာအောင်ထားတာလဲ
မိဘကျေးဇူးဆပ်နည်းပါသား
အမေ့ဆိုစကားကြားမိတော့
အမေရေ....
ဒီဘ၀တော့ စိတ်ချမ်းသာခြင်းနဲ့ဘဲ
ကျေနပ်လိုက်ပါတော့.....
နန္ဒလျန် (အဝေးရောက်သား)
No comments:
Post a Comment