ကောက်ရဘူးသောစာတစ်စောင်
ရွှေသာလျောင်းဘုရာဝင်းအတွင်း ဦးနန္ဒမဉ္ဇူ သန့်ရှင်းရေးပြုလုပ်ပြီး ဂြိုလ်ရှစ်ခွင်ဘက်အသွား ဦးနန္ဒမဉ္ဇူကိုမြင် ၍ ကျောင်းမြောက်ဘက်နားမှ မ........သည်.ယောက်ျားလေးသူငယ်ချင်းနှင့် စကားပြောတာရပ်ပြီး ထပြန်သွားလေ ၏မ....... ထိုင်တဲ့ အနားဝတ္ထု စာအုပ်တစ်အုပ်ကျန်ထား တာတွေ့တော့ လိုက်အော်ပေးသော်လည်း မ...... သည် မကြားတာဘဲလား ရည်းစားနဲမို့ ရှက်တာပဲလားမသိ ပြန်းပေးလို့မရလိုက်။ နောက်မှပေးမယ်ဆိုတဲ့ အတွေးလေးက၀င်လာတော့ စာအုပ်ကိုလှန်ကြည့်မိမှ "ဟင်း ... စာတစ်စောင်ပါလား"
စာဖတ်ကြည့် လိုက်တော့ စာအုပ်ကိုပြန်မပေးရဲတော့ဘဲ အနားမှာချပြီး ခပ်မြန်မြန်လေး ပြေးခဲ့မိ ရတယ်။
မ.........ရေးထားတဲ့စာက
ကိုဇော်ရေ-------
ကျမကိုအမြန်လာတောင်တော့ ကိုဇော်မတောင်ရင် သူများလာတောင်တော့မှာ ကိုဇော်နဲ့ပေါင်ဖက်ဖို့ ကိုလည်း ရွှေသာလျောင်းဘုရားမှာ နေစဉ်ဆူးထောင်ထားတယ် မနက်ဖြန်ရွှေသာလျောင်း ဂြိုလ်ရှစ်ခွင်မှာ လာစောင့်နေပါ မနက်(၈)နာရီကို။
''ဟိုက်....သေပါပြီ ၀စ္စပေါက်ပါသင့်တဲ့နေရာမှာ မပါမိ ဆုတောင်းကိုလည်း ဆူးထောင်လို့ရေးလိုရေး ဒီကလေးမကတော့ဒုက္ခ"
သပိတ်ပိုက်သလို
ဦးနန္ဒမဉ္ဖူ မန္တလေးမြို့မှာ စာဝါလိုက်တက်စဉ်က ဘုံကျော်ကျောင်းတိုက်ကို သူငယ်ချင်းဦးဇင်းတစ်ပါးရှိ၍ တခါတရံသွားလည်တတ်ပါသည်။ ၄င်းကျောင်းတိုက်မှာ ဦးဇင်းလူထွက်လင်မယာရှိတယ်။ ဦးဇင်းလူထွက် ဆိုတော့ဘာလုပ်တတ်မှာလဲ ကလေးထိမ်းပေါ့။ တနေ့မှာ မိန်းမကဈေးရောင်းပြန်လာတော့ ကလေးငိုသံ ကိုကြားရတယ်ဆိုရင်ပဲ ယောက်ျားကလေးပွေ့တာကိုကြည့်ပြီး "ဘုန်းကြီးလူထွက် ကလေးပွေတာကို သပိတ်ပိုက်သလိုပွေ့တာကို ဘယ်အငိုတိပ်ပါ့မလဲ××××××××××××××××××××××"" အော်....ထွက်ချင်ဦးဟဲ့ ဘုန်းကြီး "
(ကျန်တဲ့ဆဲပုံတွေတော့ မရေးတော့ဘူးနော်.....ကိုယ်တိုင်တွေးကြည့်)
ကလေးချော့တရား
နောက်နေ့တွေမှာတော့ ကလေးငိုသံမကြားရတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးငိုရင် ဦးဇင်းလူ ထွက်က ကလေးချော့တေးမရတော့ ကလေးချော့တရားနဲ့ ကလေးကို အငိုတိပ်စေခဲ့တယ်လေ.......
အဲ့ဒီကလေးချော့တရားက
( အသံနေအသံထားဖြင့်) ဟေ......တု....ပစ္စယော........အာ.....ရမ္မဏ...ပစ္စယော
ဆိုပြီးတော့ (၂၄)ပဋ္ဌာန်းပစ္စည်း ကလေးကိုချောတိပ်ခဲ့တယ်။
(ကလေးငိုရင်မှတ်ထားနော် ကလေးချော့တရားရှိတယ်)
ကိုရင်အတွေး
မိုးညှင်းမြို့ အရှေ့ကျောင်းတိုက်မှာ စာသင်သားသံဃာ(၁၀၀)ကျော်သီတင်းသုံးလျက်ရှိသည်။ ဥပုသ်နေ့ စာဝါနားတဲ့ရက်တွေမှာ သံဃာတွေကို TV ပြပေးပါသည်။ ကိုရင်ငယ်တွေက TVထဲကကြော်ငြာဆိုသိပ် ကြိုက်ကြတာ၊ အဲ့ဒီအထဲမှာတော့ ကိုရင်မာနိတက အကဲဆုံးလေ။ တနေ့မှာတော့ ကြော်ငြာထဲကပါတဲ့ ပစ္စည်းကို စတိုးဆိုင်မှာ ကိုရင်မာနိတသွားဝယ်တယ်လေ။ "'ဒကာကြီးအဖေါ်ရှိလား" "ဘာအဖေါ်လည်း ကိုရင် "ဟာ..ဒကာကြီးက ပုတ်သင်ညိုလေ" ဈေးရောင်းကြပ်နေသောဆိုင်ရှင်က ကိုရင်သွားရင်ပြီးရော ဆိုပြီး အဖော်တခုပေးလိုက်တယ်။ လက်ထဲကို အဖေါ်ရောက်လာတယ်ဆိုရင်ပဲ ဖေါ်က်ကြည့်ပြီးတော့ "သြာ်...အဖေါ်ဆိုတာပူပေါင်းကြီးကို"တဲ့။
ပိုတာဆေးလိပ်
မိုးညှင်းမြို့ အရှေ့ကျောင်းမှာ အလှူပွဲရှိတော့ ဆွမ်းချက်အလှည့်ကျ ဒကာမတွေထဲက ၂ယာက်ကို ဆရာတော်က လိုအပ်တာတွေမြို့ထဲဝယ်ခိုင်းလိုက်တယ်။ ပိုက်ဆံကို ပိုပိုသာသာပေးပြီး ပိုတာဆေးလိပ် ၀ယ်ခဲ့ဆိုပြီး ခိုင်းလိုက်တယ်။
ဆွမ်းကပ်ချိန်နီးတဲ့ထိ ဈေးဝယ်ဒကာမတွေမရောက်သေးတော့ လူလွတ်ပြီးကြိုခိုင်းရတယ်။
ကျောင်းရောက်တော့ ဆရာတော်ကဆူတော့ ဒကာမတွေလျှောက်တဲ့ စကားကြောင့် ဆရာတော်မှာ ဆက်မဆူတော့ပဲ ပြုံးတော်မူတော့တယ်။
"အရှင်ဘုရားမှာတာအကုန်ရတယ် ပိုတာဆေးလိပ်ရှာနေရလို့ဘုရား"
"ဟဲ့.. မင်းတို့ကိုပိုတာဆေးလိပ်ဝယ်ခဲ့ဆိုတာ ပို့တဲ့ငွေကိုဆေးလိပ်ဝယ်ခိုင်းတာ" ဆရာတော်မိန့်တဲ့ စကားကြောင့် ထိုဒကာမ၂ယောက် ပိုတာဒကာမဆိုပြီး နာမည်တွင်သွားလေတော့သည်။
လွန်တာရှိက ၀န္ဒာမိပါဗျာ
နန္ဒလျန်(ရွှေမိုးညှင်း) ၁-၆-၂၀၁၂

No comments:
Post a Comment