"ဆယ်ဆသာပစေ"
ဘယ်မိဘမှ ငါ့သားသမီးလေးကြီးရင် ပျက်စီးသွားပါစေ၊ မိုက်မဲပါစေ၊ ဆိုးပါစေဆိုတဲ့ စေတနာတစ်စက်မှ မရှိဘူး။ ဘယ်မိဘမှ ကိုယ်သားသမီးကောင်းစားသွားမှာကို မနာလို ၀န်တိုတာမရှိဘူး၊ ကိုယ်ထက်ဆယ်ဆ သာသွားသွား အဲ့ဒီလိုစိတ်ထား ရှိကြတယ်။
(မင်းကွန်းတိပိဋကဓရဆရာတော်)
"မိဘကိုကျွေးပြီးမှ"
မိဘဆိုတာလက်ရှိဘုရားကွဲ့ မိဘကို ကျွေးပြီးမှ ငါ့ကိုလှူကြဟဲ့။
ခွေးတောက်ချောင်းဆရာတော် ဟင်္သာတမြို့နယ်
"ဘာသိလိုလဲ"
ရှေးကဆရာတော်ကြီးတစ်ပါး ရောဂါဝေဒနာပြင်းစွာနှိပ်စက်တော့ "အမေ......အမေ" ဤသို့တမ်းတပြီး ညဉ်းညူ တော်မူသတဲ့ ထိုအခါ တပည့်တွေက "ဆရာတော်ကြီးဘုရား အမေမခေါ်ပါနှင်" လို့ လျှောက်ထား
တော့ ဆရာတော်ဘုရားက "မင်းတို့ကမသိဘဲ ငါကအမေခေါ်လိုက်တော့ ရောဂါဟာ သက်သာ သက်သာ သွားတယ်" လို့ တပည့်များကို အမိန့်ရှိတယ်။
(အရှင်ဝါသ၀ါဘိဝံသ)
"'ဒီချိန်မှာကြွေးဟောင်းဆပ်ပါ"
အဟိတ်တိရိစ္ဆာန်ဘ၀က ဖြစ်ရတဲ့ကျေးမင်းကြီးတောင်မှ မိဘကျေးဇူးကြွေးဟောင်းကို ဆပ်သေးတယ် ဘုန်းကြီးတို့ ဘုရားသာသနာနှင့်ကြုံတွေ့ပြီးတော့ လူကောင်းသူကောင်းတွေ ဖြစ်လာကြတဲ့အချိန်မှာ မိဘတွေကို ကြွေးဟောင်းဆပ်မိကြပါစေနော်။
(အရှင်ဝါသ၀ါဘိဝံသ)
"ထာဝရအမေ"
အမေ့မျက်နှာဟာ ပါးရည်တွေတွန်လိပ်နေပေမဲ့ အိုမင်းရင့်ရော်နေပေမဲ့ ဆံဖြူသွးကျိုးဖြစ်နေပေမဲ့ သားသမီးအပေါ်ထားရှိတဲ့မေတ္တာကတော့ ထာဝရနုပျိုဆဲ ထာဝရရှင်သန်ဆဲ စမ်းရေပမာလို ကြည်လင် အေးမြဆဲပါ။
( အရှင်သံဝရပုသိမ်)
"မိဘတာဝန်ရှိနေသေးလျှင် အရဟတ္တဖိုလ်ကို မယူပါနှင့်ဦး "
လူများအဖို့မဆိုထားနှင့်ဦး ဘုန်းကြီးတို့ရဟန်းတော်များပင်လျှင်နောက်ဆုံး အရဟတ္တဖိုလ်ရမည်ဖြစ်စေကာ မူ မိဘတာဝန်ရှိသေးလျှင် မယူပါနှင့်ဦးဟု လောကီသက္ကဋကျမ်းတွင် ဤမျှပြဆိုထားပါတယ်။
(အရှင်ဝါသ၀ါဘိဝံသ)
"ဆယ်ယောက်တစ်ယောက်"
အမေသည်သားသမီးဆယ်ယောက်ကိုယောက်ကို ကျွေးမွေးနိုင်၏၊ သားသမီးဆယ်ယောက်က အမေတစ်ယောက်ကို ပြန်မကျွေးနိုင်။
(စကောကရင်စကားပုံ)
"ပြန်မရနိုင်"
သားသမီးသေလျှင် ပြန်ရနိုင်၏။ မယားသေလျှင်ပြန်ရနိုင်၏၊ မိဘသေလျှင်တစ်သက်ပြန်မရနိုင်။
(စကောကရင်စကားပုံ)
"အခြားဥပမာမရှိ၍သာ"
မိခင်များက သာသမီးတို့အပေါ်ထားသည့် မေတ္တာကား မြင့်မိုရ်တောင်နှယ် မြင့်မားလှပါဘိသည်၊ မြေကြီး အထုနယ် ကြီးမားလှပါဘိသည်၊ ခိုင်းနှိုင်းစရာမရှိ၍သာ မြင့်မိုရ်တောင် မြေကြီးနှင့် ခိုင်းနှင်းလိုက်ရသည်။ ထို့ထက်သာလွန်သည်ဟု ဆိုချင်ပါသည်။
အလျားကား တိုင်းတာလို့မရအောင် ရှည်လျားသည်။
ထုတည်ကား မည်၍မည်မျှဟု မရေတွက်နိုင်။
( ဦးဇောတိက-ဓမ္မာစရိယ-လက်ပံဇင်)
ဖတ်မိခဲ့သောစာအုပ်များမှ တဆင့်ဝေငှပါသည်။
အမှားပါရင်ပြင်ဖတ်နော်.............
နန္ဒလျန်(ရွှေမိုးညှင်း)

ဦးတိန်...ဆက်လက်ပြီးလက်စွမ်းပြနိုင်ပါပါစေ
ReplyDelete