“မောင်”…….နွယ်အမှားတွေကိုတောင်းပန်ရင်းနဲ့
စာရေးလိုက်ပါတယ်။ ဟိုး…..အဝေးတနေရာက လှမ်းမြင်နေရပေမဲ့ လမင်းကြီးကို ထွေးပိုက်ခွင့်မရလို့
တမ်းတငိုငြည်းနေရတဲ့ ကလေးတစ်ယောက်လို ခုဆိုနွယ့်ဘ၀ဟာ ကြယ်တွေမစုံတဲ့ညမို့ မောင့်ကိုပဲတမ်းတငိုငြည်းနေရတာပါအမှန်ပါ။
ဘယ်သူမပြုမိမိမှုဆိုသလို အာလုံးတွေဟာ နွယ်အမှားဆိုတာ နွယ်ဝန်ခံပါတယ်။ မှားမှန်သိလိုက်ရတော့
နွယ့်အနားမှာ မောင်ကမရှိတောဘူးလေ ရန်သူတွေတောင် အလံဖြူပြလိုက်ရင် ပြေငြိမ်းမှုယူလို့ရသေး
တာပဲမောင် မောင်နဲ့နွယ်ဟာ ငါးနှစ်ငါးမိုး ပေါင်းဖက်လာကြတဲ့အကြင်လင်မယားတွေပဲ၊ ဒါကြောင့်
တစ်ကြိမ်တစ်ခါမှားဖူးသူကို ပြုပြင်ခွင်လေးပေးပါဦးလို့။ ပုထုဇဉ်လူသားတွေဟာ အမှားမကင်ကြပါဘူး
မောင်၊ နွယ်ကလည်း အချစ်ကိုဦးစားပေးမိတော့မှားမိခဲ့ပါတယ်၊ ဒါတွေကိုအပြစ်လို့ဆိုခြင်ရင်တော့
အဲ့ဒီပြစ်ဒဏ်တွေကို သံသရာတစ်လျှောက်လုံး ပြုံးပြုံးကြီးပြန်ဆပ်သွားမယ်မောင်။
ခုချိန်မှာ သားနဲ့သမီးကလည်း မောင့်ကိုပဲ
တမ်းတနေတယ်မောင် ။ မောင်မောင်ကလဲ နွယ့်အနားမှာမရှိတော့ မောင့်ရင်ခွင်ပြန်ဝင်လာပြီး
နွယ်တို့ဘ၀သစ်ကိုပြန်စကြရအောင်မောင်။ မောင့်ကိုတမ်းတနေတဲ့
နွယ်(ခ)သဉ္ဇာနွယ်
စာတိုက်မှပို့လာသော
သဉ္ဇာနွယ်ရဲစာကိုဖတ်ရင်း ဦးနန္ဒမဉ္ဇူနှုတ်မှ တိုးတိတ်စွာ နွယ်….မင်းနဲ့ ကိုယ်နဲ့ ပတ်သက်မှုကလွန်ခဲ့တဲ့ငါးနှစ်ကတည်းက
အဆုံးသတ်ပြီးပြီလေ အနယ်ထိုင်ပြီးစဖြစ်တဲ့ ငါ့နှလုံးသားကို မင်းပြန်လှုပ်ခါဖို့ မကျိုးစားပါနဲ့တော့။
ပြာအတိကျပြီးတဲ့ ငါ့ဘ၀ကြီးကို ထပ်ပြီးမီးမရှို့ချင်ပါနဲ့တော့။ မင့်နာ မည်နဲ့လိုက်အောင်
နွယ်တစ်ပင်လို ငါ့ဘ၀ကြီးကို မရစ်နှောင်ပါနဲ့တော့။
ငါ့ရဲ့ပိုင်ဆိုင်မှု အရာရာအားလုံးကို မင်းလုယူသွားခဲ့ပြီးပြီလေ
…………
ဦးနန္ဒမဉ္ဇူဟာ
စိတ်ကိုယတိပြတ်ချလိုက်ပြီး ဘောပင်တစ်ချောင်းကို ကောက်ကိုင်လိုက်တယ် ---
ဖြူလွှလွှစာရွက်ပေါ်မှာတော့ ငြိမ်သက်အေးချမ်းနေပြီဖြစ်တဲ့
သူ့ရဲ့ဘ၀ကိုဖေါ်ညွှန်းနိုင်မဲ့ အပြာ ရောင်စာလုံးလေဒတွေက---
နွယ်တစ်ချိန်ကတော့ မင်းနဲ့ငါဟာ ပတ်သက်မှုတွေရှိခဲ့ကြပါတယ်။
သေးသေးမွှးမွှားပတ်သက်မှု တွေမဟုတ်ပါ (၁၅၀၀)ကိလေသာကြိုးတွေနဲနှောင်ဖွဲ့ထားတဲ့ ချစ်ခင်နှစ်သက်ရတဲ့လင်မယားအဖြစ်နဲ့
လေ။
ဘုရားဟောတွေထဲမှာပါတယ်
သည်းခံခြင်းသည်အောင်မြင်ခြင်းတဲ့
ဒို့တစ်တွေဟာ
နုနယ်သေးတဲ့ ပုထုဇဉ်လူသားတွေဆိုတော့ သည်းခံနိုင်စွမ်းနည်းခဲ့ကြတယ် သည်းခံမှုဆိုတာ အတိုင်းတာတစ်ခုထိတော့
ရှိသင့်တယ်လို့ လက္ခံထားကြလေတော့ ကိုယ့်ရဲ့သည်းခံနိုင်ရည်စွမ်းအားက တိုင်းတာမှုတစ်ခုထက်ကျော်လွန်သွားခဲ့ပါပြီ။
မင်းကဗုဒ္ဓဘာသာမိသားစုကဆင်းသက်လာခဲ့တဲ့သူ
ကိုယ်ကဘာသာခြား၊ မိဘတွေကန့်ကွက်တဲ့ကြား ကနေကိုယ်တို့ခိုးပြေးခဲ့ကြတယ်၊ ဒါပေမဲ့ မင့်ရဲ့မိဘတွေရဲ့ကျေးဇူးကြောင့်
ကိုယ်ဗုဒ္ဓဘာသာကိုလေးစားလိုက် နာခဲ့တဲ့ တကဲ့ဗုဒ္ဓဘာသာကြီးဖြစ်ခဲ့တယ်။
သားကြီးကျော်ကျော်ကိုမွေးပြီး သမီးလေးဖူးဖူး
လူလားမြောက်စအရွယ်မှာ ငါတို့ရဲ့အိမ်ထောင်ရေးဟာ သာယာမှုမရှိခဲ့တော့ဘူးလေ။ ဒါတွေဟာသနားညာတာတတ်တဲ့
ငါ့ရဲစိတ်ဓာတ်ကိုပဲ ရိုးမယ်ဖွဲ့ရလေမလား၊ သူငယ်ချင်းမောင်မောင်ခိုကိုးရာမဲ့နေချိန်မှာ
ငါကအိမ်ပေါ်ကိုခေါ်တင်ထားခဲ့တယ်၊ အဲ့ဒီနောက်ပိုင်း အချစ်ဆုံးဇနီး နဲ့ သူငယ်ချင်းရဲ့ သစ္စာဖောက်မှုတွေကိုခံလိုက်ရတယ်။
ပတ်ဝန်းကျင်ကပြောကြပေမဲ့ မင့်အပေါ်ချစ်တဲ့စိတ်တွေကြောင့်
ယုံကြည်ပေးဖို့ငြင်းဆန်ခဲ့တယ် တနေ့ ရွှေမှော်ကအပြန် မိုးသည်းတဲ့ညမှာ မင်းတို့နှစ်ယောက်ချစ်ရည်လူးနေတာကို
မြင်တွေ့လိုက်ရတော့ ငါပေါက်ကွဲ ခဲ့ရတယ်။ ဒါပေမဲ့ သားနဲ့သမီးရဲ့မျက်နှာကိုကြည့်ပြီး
ငါခွင့်လွတ်ပေးနိုင်ခဲ့ပါတယ်။
အရှေ့ကျောင်းဒုလ္လဘရဟန်းခံပွဲမှာ ငါသာသနာ့ဘောင်ကို
ဝင်ရောက်ခဲ့ပါတယ် ငါရဲ့ဘ၀ဟာ ရဟန်း သိက္ခာနဲ့ ငြိမ်းအေးမှုအပြည့်ရခဲ့ပါတယ်။ ရဟန်းဘောင်
ငါတလအပြည့်မှာ မင်းနဲ့မောင်မောင် ကျောင်းကိုရောက် ခဲ့တယ်၊ “ဦးဇင်းလူမထွက်တော့ရင် ဦးဇင်းဒကာမကို
တပည့်တော်စောက်ရှောက်ပါရစေ” ဆိုပြီးတောင်းဆိုခဲ့ တော့ သားနဲ့သမီးကို ငါ့မိဘအိမ်ပို့ထားပြီး
မောင်မောင်ရဲ့တောင်းဆိုမှုကို လက္ခံလိုက်တယ်။
ငါဆောက်တဲ့အိမ် ငါရှာတဲ့စီးစိမ်တွေနဲ့ မင်းတို့မိုးမမြင်လေမမြင်
ပျော်ခဲ့ကြပြီးပြီလေ။ ဒါတွေကိုအားမရ လို့ မင်းတို့ရန်ကုန်ကိုပြောင်းသွားခဲ့ကြတယ်။ သားနဲ့သမီးကိုလည်း
ငါ့မိဘအိမ်က မင်းတို့လုယူသွားပြီးပြီ။ မင့်စာ ထဲကအတိုင်း ဘယ်သူမပြုမိမိမှုဆိုသလို မင်းပြုတဲ့ကံမင်းဘဲခံပါ
။ သားနဲ့ သမီးကိုတော့မင့်လက်ထဲမှာမထား နိုင်ဘူး၊ ငါမိဘတွေထံပြန်ခေါ်ထားမယ်။
ရဟန်းဘ၀ ငါးနှစ်တာကာလမှာ ပထမကြီးတန်းရောက်သည်ထိ
ငါစာသင်ခဲ့ရတယ်၊ ငါတို့သာသနာ့ ဘောင်ဟာ အကာရံမဲ့တဲ့နေရာမဟုတ်ဘူး ထွက်ချင်တိုင်းထွက်ပြီး
ဝင်ချင်တိုင်းဝင်လို့ရတဲ့နေရာမဟုတ်ဘူး။ ငါရင်ခွင်ထဲမင်ပြန်ဝင်ဖို့တော့ အိပ်မက်ထဲတောင်
ထည့်မမက်ပါနဲ့။ ငါဒီလောက်ထိ မရူးသေးပါဘူး၊ အခုဗုဒ္ဓတရား တွေ မနာဘူးသေးတဲ့၊ ငါတို့လူမျိုးများအတွက်
တောင်တန်းသာသနာပြုသွားတော့မယ် ။
မင့်ရဲစာကိုဖတ်လိုက်ရတော့ ငါမျက်ရည်တွေကျမိတယ်၊
ဒါပေမဲ့မျက်လုံးနှစ်ဖက်ကကျတဲ့မျက်ရည်မ ဟုတ်ဘူး ရင်ထဲကကျတဲ့မျက်ရည်ပါ။ ဒါကြောင့် ယောက်ျားတို့ကျတဲ့မျက်ရည်မို့
ရင်ထဲမှာပဲစီးပြီး ရင်ထဲမှာပဲ ခန်းသွားရပါပြီ။ ခုတော့ သာသနာ့ဘောင်ဝင်ခါနီး မင့်အတွက်ရေးခဲ့တဲ့
ကဗျာမမည် စာမညီတဲ့ ရင်တွင်းခံစား ချက်နဲ့ပဲ ဒုတိယမ္ပိနှုတ်ဆက်လိုက်ပါတယ်နွယ်……………….
ကျမျက်ရည် ငွေပုလဲနှင့်
ငိုပွဲလည်း နွဲခဲ့ရပြီ၊
ကျွမ်းလုလုအသည်းနှင့်
လွမ်းပွဲလည်းနွဲခဲ့ရပြီ၊
သြော်……ခုတော့
ကျွမ်းမှုလွမ်းမှုတွေကြောင့်
ဒိုနှလုံးသားအစု
ကြေကွဲလုပြီမို့
ဒေသနာအမြိုက်ဆေး
တိုက်ကျွေးရာဗုဒ္ဓရိပ်သာသို့
ဖန်ဝါသင်္ကန်း ၀တ်ဆင်မြန်းရန်
ကြွလှမ်းတော့မှာမို့
နှုတ်ဆက်ခဲ့ပါတယ်နွယ်။။။။။။။။
နန္ဒလျန်
(အချစ်ကြောင့် ဒုက္ခရောက်ကြသူများ) မှ
No comments:
Post a Comment